Friday, June 14, 2019

မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်း
၁၃၈၁-ခုနှစ်၊ (၁၁၃)ကြိမ်မြောက် နယုန်လစာလျှောက်မေးခမ်းတွင်

မစိုးရိမ်တိုက်သစ်မှ.......

အဘိဝံသဘွဲ့ရ (၁)ပါး
ဦးသောပါကာဘိဝံသ (ဓမ္မဝိနယရံသီကျောင်း)

နှစ်ကျမ်းအောင် (၁)ပါး
ဦးဝါယာမိန္ဒာလင်္ကာရ (ဓမ္မဝိနယရံသီကျောင်း)

တစ်ကျမ်းအောင် (၁)ပါး
ဦးသူရိယာလင်္ကာရ (ဓမ္မဝိနယရံသီကျောင်း)

သီးခြားစာသင်တန်းအောင် (၅)ပါး
ဦးနန္ဒဝံသာလင်္ကာရ (ဓမ္မဝိနယရံသီကျောင်း)
ဦးဣန္ဒဝံသ (ဓမ္မဝိနယရံသီကျောင်း)
ဦးပညာသာမိ (ဓမ္မကာယကျောင်း)
ဦးဝိသောဘန (ဓမ္မဒီပကျောင်း)
ဦးဓမ္မသာရာလင်္ကာရ (ဓမ္မဝေဒဂူကျောင်း)

စုစုပေါင်း (၈)ပါး အောင်မြင်သည်။

Wednesday, June 12, 2019

၁၃၈၀-ပြည့်၊မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ပထမပြန်အောင်စာရင်းအကျဉ်းချုပ်။

- ပထမကြီးတန်း = (၁၃၂) ပါး
- ပထမလတ်တန်း = (၇၀) ပါး
- ပထမငယ်တန်း = (၇၅) ပါး
- အခြေပြုမူလတန်း = (၈၀) ပါး

စုစုပေါင်း= (၃၃၇) ပါး။

Tuesday, June 11, 2019

  ၁၃၈၁-ခုနှစ်။ နယုန်လဆန်း(၇)ရက်၊ ၉-၆-၂၀၁၉ တနင်္ဂနွေနေ့၌ 
သံဃဒါန ဆွမ်းလောင်း,ဆွမ်းကပ်အလှူတော်မင်္ဂလာ
ဦးနှင်းဝေ (တော်ဝင်အထည်ဆိုင်)၏ (၅၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် 
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ နာယက, စာချ, စာသင်,သံဃာတော်အပါး (၃၂၀၀)တို့အား
ဆွမ်းလောင်း, ဆွမ်းကပ် အလှူမင်္ဂလာပြုလုပ်ခဲ့သည်။
၎င်းအလှူရှင်မှ စာသင်သားသံဃာတ​ော်တို့အား တပါးလျှင် နဝကမ္မဝတ္ထုငွေ(၂၀၀၀)ကျပ်စီ လှူဒါန်းပါသည်။

ဓမ္မာဓိပတိကျောင်းဆောင်သံဃာတော်များမှ ဝေယျာဝစ္စပြုလုပ်ကြသည်။

ဤစာမျက်နှာနှင့် တွဲလျက် ဘလော့ဂ်တစ်ခု ရေးသားထားပါသည်။
ဖေ့စ်ဘွတ်ခ်၏ အားနည်းချက်မှာ ပြီးခဲ့သော ပို့စ်များကို ပြန်လည်ကြည့်ရှုလိုပါက ကြားထဲမှ ပို့စ်များစွာကို လှန်လှောပြီးသည့်နောက်မှ မိမိတင်ခဲ့သော ပို့စ်ကို တွေ့ရှိပါမည်။ အချိန်များစွာ ကုန်သည်။
ဘလော့ဂ်တွင်ကား သူ့ကဏ္ဍနှင့်သူ ကဏ္ဍများ တသီးတသန့် ခွဲခြားထားနိုင်သည်။ မိမိရေးခဲ့သော သတင်းများကို သူ့သက်ဆိုင်ရာ ကဏ္ဍ၌ အလွယ်တကူ ပြန်လည်သွားရောက် ဖတ်ရှုနိုင်သည်။
ထို့ကြောင့် ဖေ့စ်ဘွတ်ခ်၌ တင်ခဲ့သော သတင်းမှန်သမျှကို အောက်ပါ ဘလော့ဂ် စာမျက်နှာတွင်လည်း သွားရောက် ဖတ်ရှုနိုင်ပါသည်။
ယခုတင်ခဲ့သော သတင်းများသည် ယခုအချိန်၌ တန်ဖိုးမရှိသေးသော်လည်း နောက်နှစ် ဤအချိန်အခါ၌ ပြန်လည်ကြည့်ရှုစရာ, ကိုးကားစရာ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် အသေးအဖွဲသတင်းဟူ၍ သဘောမထားဘဲ သတင်းမှန်သမျှကို မှတ်တမ်းတင်သွားမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။

ဤဘလော့ဂ် စာမျက်နှာ ဖြစ်ပေါ်လာရခြင်းအကြောင်း

‘‘မစိုးရိမ်နေ့စဉ်သတင်း’’ စာမျက်နှာကို Google Blog နှင့်တွဲ၍ ဖွင့်လှစ်ပါသည်။
မစိုးရိမ်တိုက်သစ်အကြောင်း စာမျက်နှာများစွာ ပေါ်လာပြီးလျှင် မစိုးရိမ်တိုက်သစ်နေ စာသင်သားသံဃာတို့၏ အကြောင်းကို ကောလာဟလအတိုင်း မဟုတ်ဘဲ အမှန်အတိုင်း သိရှိ နားလည်စေရန် ရည်ရွယ်ပါသည်။
ငြင်းခုံဖွယ်ရာ သတင်းများကို တင်မည်မဟုတ်ဘဲ မေတ္တာပွါးဖွယ် သတင်းများကိုသာ တင်မည်ဖြစ်ကြောင်း။
တိုက်၏ဂုဏ်သိက္ခာညှိုးနွမ်းဖွယ်ရာ သတင်းမှားများကို မေတ္တာဖြင့် ဖြေရှင်းရန်သာ ရည်ရွယ်ကြောင်း။
အထူးသဖြင့် အင်တာနက် စာမျက်နှာကို ဖန်တီးရေးဖွဲ့တတ်သော နည်းပညာ တတ်ကျွမ်းသူ ရဟန်းတော်များ ပေါ်ပေါက် များပြားလာရန်ကို ရည်ရွယ်ပြီး သတင်းရေးတတ်သော အတွေ့အကြုံ, သတင်းရှာဖွေသော အတွေ့အကြုံ, သတင်းဖန်တီးသော အတွေ့အကြုံတို့ကို ရရှိရန် ရည်ရွယ်ပါကြောင်း။
ဤကဲ့သို့သော အတွေ့အကြုံများမှ တဆင့် နိုင်ငံတကာ သတင်းစာမျက်နှာကြီးများကဲ့သို့ ဩဇာကြီးသော သတင်းဌာနကြီးများ မစိုးရိမ်တိုက်သစ်မှ ပေါ်ထွက်လာရန် ရည်ရွယ်ပါကြောင်း။
အားလုံးကို မေတ္တာထားလျက်။
မစိုးရိမ်တိုက်သစ် သံဃာတော်များ။

မစိုးရိမ်သတင်း (၁၁-၆-၂၀၁၉)

မစိုးရိမ်နေ့စဉ်သတင်း

မြန်မာသက္ကရာဇ် (၁၃၈၁)ခု၊ နယုန်လဆန်း (၉)ရက် (၁၁-၆-၂၀၁၉)ခု၊ အင်္ဂါနေ့



ယနေ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် နံနက်ခင်း၌ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။ နေ့ခင်း၌ နေသာခဲ့ပါသည်။ 

ထူးခြားဖြစ်စဉ် အနေဖြင့် ယမန်နေ့ လဆန်း (၈)ရက် ဥပုသ်နေ့က ဒီးဒုတ်ရေပြာအိုင်၌ လေ့လာရေး ခရီးထွက်ခဲ့သော အရှင်သုမန (၂၂) နှစ်၊ ဓမ္မဝေဒဂူကျောင်း ရဟန်းတော်တစ်ပါး ရေနစ်၍ ပျံလွန်တော်မူခဲ့သည်။ 

အစိုးရ ပထမပြန်စာမေးပွဲ အောင်စာရင်းများကို ယနေ့ည ထုတ်ပြန်ပေးမည်ဟု ကောလာဟလသတင်း ကြားသိရသည်။